ဦးဝီရသူ ရန်ကုန်မှာရှိကြောင်း အထောက်အထား မခိုင်လုံဟု ရဲမှူးချုပ် ပြော

  • 5 years ago
ဦးဝီရသူ ရန်ကုန်မှာရှိကြောင်း အထောက်အထား မခိုင်လုံဟု ရဲမှူးချုပ် ပြော

#MizzimaTV

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူ ဖမ်းဆီးရမိရေးအတွက် မြို့ဝင်၊ မြို့ထွက်များနှင့် ၎င်းသွားလာတတ်သည့် နေရာများကို စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က မေလ ၃၁ရက်တွင် ပြောကြားသည်။

ဦးဝီရသူက ၎င်းအနေဖြင့် ရန်ကုန်တွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း အထောက်အထား ပြည့်ပြည့်ဝဝ မရှိသေးကြောင်း ရဲမှူးချုပ်က မီဒီယာများကို ပြောသည်။

(ရိုက်ကူး- ကိုကိုအာင်/မဇ္ဈိမ)

Recommended