တပ်မတော်အဆင့်မြင့် အရာရှိကြီးများကိုယ်တိုင် တရားစွဲနေသည်မှာ မသင့်လျော်ဟု ပြော

  • 5 years ago
တပ်မတော်အဆင့်မြင့် အရာရှိကြီးများကိုယ်တိုင် တရားစွဲနေသည်မှာ မသင့်လျော်ဟု ပြော
**************************
တပ်မတော်ဘက်မှ ၎င်းတို့၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည့်အတွက်၊ တပ်မတော်၏ တာဝန်ကို မလေးမစား ပြုမှုများ ဖြစ်လာနိုင်သည့်အတွက်ဟုဆိုကာ တရားစွဲဆိုမှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး ထိုသို့ တရားစွဲဆိုမှုများတွင် တပ်မတော်ဘက်မှ အဆင့်မြင့်အရာရှိကြီးများကိုယ်တိုင် တရားလိုလုပ် တရားစွဲဆိုနေသည်မှာ မသင့်လျော် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုလိုက်သည်။

မေလ ၉ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ၃ ကြိမ်မြောက် ရုံးခဲ့ပြီးနောက် တရားခွင်မှ အထွက်တွင် မီဒီယာများမေးမြန်းမှုကို ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်မှာ တပ်မတော်ဘက်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(က)တို့ဖြင့် တရားစွဲထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅ဝ၅(က)(ခ)တို့ဖြင့် တရားစွဲခံရသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသူဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended