အတိုက္ခံေကာင္း မလုပ္တတ္ဟု ေဝဖန္ခံရတဲ့ ျပည္ခိုင္ၿဖိဳးပါတီက အစိုးရေဘးနံက်ပ္ေအာင္ ဖိမေထာင္းဘူး ေျပာ

  • 7 years ago
ZawGyi-
မဇၩိမ ႐ုပ္ျမင္သံၾကား အစီအစဥ္ကေန ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေ႒းနဲ႔ မၾကာေသးခင္က သီးသန္႔ ေတြ႔ဆံုေမးျမန္းခဲ့ပါတယ္။ ဒီေမးျမန္းမႈမွာ ဦးသန္းေ႒းက “လႊတ္ေတာ္ရဲ႕ အစိုးရကို ထိန္းေၾကာင္းႏုိင္မႈ Balance လုပ္ႏုိင္မႈ ဘယ္လိုမွ မရွိဘူး။ ဒီအေနအထားကို ရသေလာက္ က်ေနာ္တို႔ မဲတင္းေပးခ်င္တယ္” လို႔ဆိုကာ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳး အႏုိင္ရဖို႔ ဝင္ၿပိဳင္ျခင္းျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ဒီၿပိဳင္ပြဲႏိုင္ဖို႔ တရားနည္းလမ္းက်စြာ လုပ္ေဆာင္ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။
၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့လည္း ႀကိဳတင္ျပင္ဆင္ေနၿပီး အႏုိင္ရခဲ့ပါက “ျပည္သူလူထုရဲ႕ လံုၿခံဳမႈ၊ ႏုိင္ငံရဲ႕ တည္ၿငိမ္မႈ က်ေနာ္တို႔ လုပ္ျပမယ္၊ လုပ္တတ္တယ္” လို႔လည္း ဦးသန္းေ႒းက ဆုိပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီဟာ အတိုက္ခံေကာင္း မလုပ္တတ္ဘူး ဆိုတဲ့ ေဝဖန္မႈနဲ႔ ပတ္သက္လို႔ေတာ့ “လက္ရွိ အစိုးရ တာဝန္ယူေနတဲ့ ပုဂၢိဳလ္ေတြ ေဘးက်ပ္နံက်ပ္ျဖစ္ေအာင္ က်ေနာ္တို႔ ဖိၿပီးေတာ့ မေထာင္းခ်င္ဘူး ကိုယ္ခ်င္းစာစိတ္ရွိတယ္” လို႔ တံု႔ျပန္ပါတယ္။
(ဒီ႐ုပ္သံကေတာ့ ပထမပိုင္းျဖစ္ၿပီး က်န္ရွိေနေသးတဲ့ အပိုင္းမ်ားကိုလည္း ဆက္လက္ ေဖၚျပပါမယ္။)

Unicode-
မဇ္ဈိမ ရုပ်မြင်သံကြား အစီအစဉ်ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးနဲ့ မကြာသေးခင်က သီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီမေးမြန်းမှုမှာ ဦးသန်းဋ္ဌေးက “လွှတ်တော်ရဲ့ အစိုးရကို ထိန်းကြောင်းနိုင်မှု Balance လုပ်နိုင်မှု ဘယ်လိုမှ မရှိဘူး။ ဒီအနေအထားကို ရသလောက် ကျနော်တို့ မဲတင်းပေးချင်တယ်” လို့ဆိုကာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အနိုင်ရဖို့ ဝင်ပြိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲနိုင်ဖို့ တရားနည်းလမ်းကျစွာ လုပ်ဆောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်နေပြီး အနိုင်ရခဲ့ပါက “ပြည်သူလူထုရဲ့ လုံခြုံမှု၊ နိုင်ငံရဲ့ တည်ငြိမ်မှု ကျနော်တို့ လုပ်ပြမယ်၊ လုပ်တတ်တယ်” လို့လည်း ဦးသန်းဋ္ဌေးက ဆိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ အတိုက်ခံကောင်း မလုပ်တတ်ဘူး ဆိုတဲ့ ဝေဖန်မှုနဲ့ ပတ်သက်လို့တော့ “လက်ရှိ အစိုးရ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေ ဘေးကျပ်နံကျပ်ဖြစ်အောင် ကျနော်တို့ ဖိပြီးတော့ မထောင်းချင်ဘူး ကိုယ်ချင်းစာစိတ်ရှိတယ်” လို့ တုံ့ပြန်ပါတယ်။
(ဒီရုပ်သံကတော့ ပထမပိုင်းဖြစ်ပြီး ကျန်ရှိနေသေးတဲ့ အပိုင်းများကိုလည်း ဆက်လက် ဖေါ်ပြပါမယ်။)

Recommended