ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ကြိုးစားပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော

  • 5 years ago
ပြည်ထောင်စုကြီးတည်တံ့ရေးအတွက် ကြိုးစားပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော
*******************
ပြည်သူလူထုက ကိုယ်ကိုကိုယ် ယုံကြည်မှုရှိပြီးတော့ ကိုယ့်အင်အားကို အားကိုးပြီးတော့ နိုင်ငံတော် တိုးတက်ရေး အတွက် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် တစိုက်မတ်မတ်ကြိုးစားပေးကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြတံတားဖွင့်ပွဲတွင် ပြည်သူများအား ပြောကြားခဲ့သည် ။

"မှန်ကန်တဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကိုရွေးချယ်တင်မြောက်ရမယ် ဒါမှ ကိုယ့်ကိုကိုယ် လေးစားမယ်။ ကိုယ့်ကိုကိယ် ထောက်ထားမယ်။ အစိုးရတစ်ခုက တာဝန်ယူမှာပါ။ အဲဒီလိုတာဝန်ရှိသလိုပဲ။ အစိုးရအနေနဲ့ ပြည်သူတွေ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်၊ အဲဒီတော့ နှစ်ဦးနှစ်ဘက်နေပြီး တာဝန်သိသိနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်မတို့ဟာ စိန်ခေါ်မှုမှန်သမျှကို ကျော်လွှားနိုင်မှာ၊ ရင်ဆိုင်နိုင်မှာ ။ စိန်ခေါ်မှုတွေဟာ ကျွန်မတို့ အခွင့်အရေးတွေဖြစ်သွားမယ်။ သေသေချာချာကို စွဲစွဲမြဲမြဲကို ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံမှာ မြောင်းမြတံတားသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြောင်းမြတံတားအား ဧပြီ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊မြောင်းမြတံတား ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းကုန်းမြို့နယ်နှင့်ပုသိမ်မြို့နယ်များတွင် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended