ကျနော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုလာရီက အခိုင်အမာ ပြော

  • 5 years ago
ကျနော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုလာရီက အခိုင်အမာ ပြော

**********************************
ဆန်တီယာဂို ဆိုလာရီက ရီးယဲလ်မက်ဒရစ်အသင်းဟာ အင်္ဂါနေ့က ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ အေဂျက်စ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပေမယ့် သူဟာ အသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

မက်ဒရစ်ဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး နှစ်ကျော့ပေါင်း ၅-၃ ဂိုးရလဒ် ရရှိခဲ့တာကြောင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းဖို့ ကျရှုံးခဲ့ပါတယ်။

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/55181

Recommended