"ပါတီ"နိုင်ငံရေးမှ လွဲပြီး အခြားနိုင်ငံရေးနှစ်ခုကို မဖြစ်မနေဆောင်ရွက်ကြရန် သံဃာတော်များကို မိန့်ကြား

  • 5 years ago
"ပါတီ"နိုင်ငံရေးမှ လွဲပြီး အခြားနိုင်ငံရေးနှစ်ခုကို မဖြစ်မနေဆောင်ရွက်ကြရန် သံဃာတော်များကို မိန့်ကြား
***********************
ရှုပ်ထွေးလှသည့် "ပါတီ"နိုင်ငံရေးမှလွဲ၍ "ပထ၀ီ" နိုင်ငံရေးနှင့် "အမျိုးသား" နိုင်ငံရေးတို့ကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ကြောင်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)၏ တွဲဖက်အတွင်းရေးမှူး မြတောင်ဆရာတော်က သံဃာတော်များကို မိန့်ကြားလိုက်သည်။
ဇွန်လ ၇ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့သည့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည်စုံညီ တွေ့ဆုံ သြ၀ါဒ ခံယူပွဲနှင့် မဟာသမယသုတ်၊ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကြွရောက်လာသည့် သံဃာတော်များကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)၏ တွဲဖက်အတွင်းရေးမှူး မြတောင်ဆရာတော်က ထိုသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended