မဘသေနာက္ကြယ္တြင္ ႀကိဳးကိုင္သူမ႐ွိဟု ဦးဝီရသူ မိန္႔ၾကား

  • 7 years ago
Zawagyi-
မဘသ၏ေနာက္ကြယ္တြင္ ႀကိဳးကိုင္သူမ႐ွိဟု ဆရာေတာ္ဦး၀ီရသူက မိန္႔ၾကားလိုက္သည္။

အင္းစိန္ၿမိဳ႕နယ္၊ေအာင္ဆန္းေတာရတပ္ဦးေက်ာင္းတြင္ ယေန႔ေမလ ၂၇ ရက္က ျပဳလုပ္ခဲ႔သည့္ အမ်ဳိးဘာသာ သာသနာေစာင့္ေ႐ွာက္ေရး(ဗဟို)က မဘသအဖြဲ႕၀င္မ်ားကို အထူးအသိေပး႐ွင္းလင္းပြဲ၌ ယခုကဲ႔သို႔ မိန္႔ၾကားခဲ႔ ျခင္းျဖစ္သည္။

" ႐ြာမဆရာေတာ္ႀကီး ကေနစၿပီး ဒီကေန႔ ဟိုေနာက္ဆုံးမွာထိုင္ေနတဲ႔ ကိုရင္ေလးေတြအထိဟာ အမ်ဳိးဘာသာ သာသနာကို ခ်စ္ျမတ္ႏိုးတဲ႔စိတ္တစ္ခုတည္းနဲ႔ တင္ ဒီအဖြဲ႔အစည္းႀကီးထဲမွာ ၀င္ေရာက္ၿပီး သက္စြန္႔ဆံဖ်ား အလုပ္ လုပ္ေနရတာပါ။သူတို႔ရဲ႕ေဆာင္႐ြက္ခ်က္ေတြမွန္သမ်ွ အကုန္လုံးဟာ သူတို႔ရဲ႕ကိုယ္ပိုင္ဦးေႏွာက္ အေတြးအေခၚေတြနဲ႔ပါ။ဘယ္သူေျမွာက္ပင့္လို႔မွ မဟုတ္သလို ဘယ္သူေထာက္ပံ႕လို႔မွလည္း မဟုတ္ပါဘူး။ မဘသရဲ႔ ေနာက္ကြယ္မွာ ဘယ္သူမွ ႀကိဳးမကိုင္ပါဘူး။မဘသကို ႀကိဳးကိုင္ေနတဲ႔အရာေတာ႔႐ွိတယ္။အဲဒါ မ်ဳိးခ်စ္စိတ္" ဟု ဆရာေတာ္ဦး၀ီရသူက မိန္႔ၾကားခဲ႔သည္။

ထို႔အျပင္ ဆရာေတာ္ဦး၀ီရသူက ယေန႔မွစ၍ မဘသအမည္ကေန ဗဓတ ဗုဒၶဓမၼပရဟိတေဖာင္ေဒး႐ွင္း အမည္ေျပာင္းသြားၿပီျဖစ္ေၾကာင္းလည္း မိန္႔ၾကားခဲ႔သည္။

ယင္း အခမ္းအနားသည္ ေမလ ၂၃ ၇က္ေန႔၊ႏိုင္ငံေတာ္သံဃနာယကအဖြဲ႔ ၄၇ ပါးစုံညီ ပဥၥမအထူးအစည္းအေ၀း က ဆုံးျဖတ္ခဲ႔သည့္ မဘသနဲ႔စပ္လ်ဥ္းသည့္ ဆုံးျဖတ္ခ်က္ ၄ ရပ္ကို တိုင္းနယ္ျပည္နယ္ အသီးသီးက မဘသအဖြဲ႔ ၀င္မ်ားကို အသိေပး႐ွင္းလင္းခဲ႔ျခင္းျဖစ္ၿပီး ေမလ ၂၇ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ ၂ ရက္တိုင္ က်င္းပသြားမည္ဟု သိရသည္။

Unicode-
မဘသ၏နောက်ကွယ်တွင် ကြိုးကိုင်သူမရှိဟု ဆရာတော်ဦးဝီရသူက မိန့်ကြားလိုက်သည်။

အင်းစိန်မြို့နယ်၊အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ယနေ့မေလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(ဗဟို)က မဘသအဖွဲ့ဝင်များကို အထူးအသိပေးရှင်းလင်းပွဲ၌ ယခုကဲ့သို့ မိန့်ကြားခဲ့ ခြင်းဖြစ်သည်။

" ရွာမဆရာတော်ကြီး ကနေစပြီး ဒီကနေ့ ဟိုနောက်ဆုံးမှာထိုင်နေတဲ့ ကိုရင်လေးတွေအထိဟာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ တင် ဒီအဖွဲ့အစည်းကြီးထဲမှာ ၀င်ရောက်ပြီး သက်စွန့်ဆံဖျား အလုပ် လုပ်နေရတာပါ။သူတို့ရဲ့ဆောင်ရွက်ချက်တွေမှန်သမျှ အကုန်လုံးဟာ သူတို့ရဲ့ကိုယ်ပိုင်ဦးနှောက် အတွေးအခေါ်တွေနဲ့ပါ။ဘယ်သူမြှောက်ပင့်လို့မှ မဟုတ်သလို ဘယ်သူထောက်ပံ့လို့မှလည်း မဟုတ်ပါဘူး။ မဘသရဲ့ နောက်ကွယ်မှာ ဘယ်သူမှ ကြိုးမကိုင်ပါဘူး။မဘသကို ကြိုးကိုင်နေတဲ့အရာတော့ရှိတယ်။အဲဒါ မျိုးချစ်စိတ်" ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သည်။

ထို့အပြင် ဆရာတော်ဦးဝီရသူက ယနေ့မှစ၍ မဘသအမည်ကနေ ဗဓတ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်ပြောင်းသွားပြီဖြစ်ကြောင်းလည်း မိန့်ကြားခဲ့သည်။

ယင်း အခမ်းအနားသည် မေလ ၂၃ ရက်နေ့၊နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီ ပဥ္စမအထူးအစည်းအဝေး က ဆုံးဖြတ်ခဲ့သည့် မဘသနဲ့စပ်လျဉ်းသည့် ဆုံးဖြတ်ချက် ၄ ရပ်ကို တိုင်းနယ်ပြည်နယ် အသီးသီးက မဘသအဖွဲ့ ၀င်များကို အသိပေးရှင်းလင်းခဲ့ခြင်းဖြစ်ပြီး မေလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၂ ရက်တိုင် ကျင်းပသွားမည်ဟု သိရသည်။

Recommended