ဦးကိုနီသေဆုံးမှုကို ဘာသာရေးလုပ်ကြံမှုဖြစ်အောင် မှိုင်းတိုက်နေမှုများအား မလိုလားကြောင်း ဆရာတော် မင်းသုည မိန့်ကြား

  • 5 years ago
ဦးကိုနီသေဆုံးမှုကို ဘာသာရေးလုပ်ကြံမှုဖြစ်အောင် မှိုင်းတိုက်နေမှုများအား မလိုလားကြောင်း ဆရာတော် မင်းသုည မိန့်ကြား
------------------------
ဦးကိုနီလုပ်ကြံခံရမှုမှာ နိုင်ငံတော်လုပ်ကြံမှုဖြစ်ပြီး မလိုလားသူများက ဘာသာရေးလုပ်ကြံမှုကဲ့သို့ ဖြစ်အောင် မှိုင်းတိုက်နေမှုများရှိနေကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများကိုမလိုလားကြောင်း ဆရာတော် ဦးအိန္ဒြိယ (ဆရာတော် မင်းသုည)က မိန့်ကြားလိုက်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံ ရမှုမှာ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၂ နှစ်တိတိပြည့်ခဲ့ပြီဖြစ်သည်။
လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည့် ဦးကိုနီနှင့် သေနတ်သမားကြည်လင်းအား ဖမ်းဆီးရမိရေး ကြိုးပမ်းရင်း သေနတ်ထိမှန်သေဆုံးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ သေဆုံးခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်ကို ဇန်နဝါရီလ ၂၉ ရက်၊ ညနေပိုင်း၊ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)