NLD ပါတီ နာယက သူရဦးတင္ဦးအား ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္ၾကည့္႐ႈ

  • 7 years ago
ZawGyi -

NLD ပါတီ နာယက သူရဦးတင္ဦး တက္ေရာက္ကုသေနေသာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ ဇြန္လ ၃ ရက္တြင္ လာေရာက္ၾကည့္ရွဳ႕ခဲ့သည္။

ဇြန္လ ၃ ရက္ေန႔ ၊ ညေန ၄ နာရီမွာ လာေရာက္ၾကည့္ရွဳ႕ခဲ႔တာျဖစ္ၿပီး သူရဦးတင္ဦးအေနျဖင့္ ယခင္ကထက္ က်န္းမာေရးတိုးတက္ေကာင္းမြန္လာေၾကာင္း သိရသည္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အျပင္ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းပါ လာေရာက္ခဲ့သည္။

ယေန႔ သူရဦးတင္ဦးအေနျဖင့္ ေဆး႐ုံတက္သည့္ ၁၆ရက္ေျမာက္ေန႔ျဖစ္ၿပီး သူရဦးတင္ဦးဟာ လက္ရွိအခ်ိန္တြင္ စကားေျပာဆိုရာ၌ စကားမပီေသးေသာ္လည္း စကားေျပာလာႏိုင္ၿပီျဖစ္ေၾကာင္း ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးေအးကိုကိုက ေျပာသည္။

ထို႔ျပင္ သူရဦးတင္ဦးသည္ ပူတင္းကဲ႔သို႔ အစာေပ်ာ႔ကို စားႏိုင္ၿပီျဖစ္ၿပီး တပ္ဆင္ထားေသာ ဆီးပိုက္ကို မေန႔ညက ျဖဳတ္လိုက္ၿပီျဖစ္ေၾကာင္း ေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးေအးကိုကို က ဆိုသည္။

"ထိုင္တာ၊ ထတာေတြ အကုန္လုပ္ႏိုင္ပါတယ္ ။ ညာဘက္လက္နဲ႔ ေျခေထာက္ကေတာ႔ နည္းနည္းပဲ လႈပ္ႏိုင္ေသးတယ္။ စကားကလည္း ေျပာေတာ႔ေျပာတယ္ မပီေသးဘူး"ဟု ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးေအးကိုကို က မဇၥ်ိမသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၁၇ ရက္ညက သူရဦးတင္ဦးသည္ ေနအိမ္ေရခ်ိဳးခန္းမွာ သတိလစ္ကာ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရျခင္းျဖစ္ၿပီး လက္ရိွတြင္ အသက္ ၉၁ ႏွစ္ ရိွၿပီ ျဖစ္သည္။

Unicode -

NLD ပါတီ နာယက သူရဦးတင်ဦး တက်ရောက်ကုသနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇွန်လ ၃ ရက်တွင် လာရောက်ကြည့်ရှု့ခဲ့သည်။

ဇွန်လ ၃ ရက်နေ့ ၊ ညနေ ၄ နာရီမှာ လာရောက်ကြည့်ရှု့ခဲ့တာဖြစ်ပြီး သူရဦးတင်ဦးအနေဖြင့် ယခင်ကထက် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း သိရသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ လာရောက်ခဲ့သည်။

ယနေ့ သူရဦးတင်ဦးအနေဖြင့် ဆေးရုံတက်သည့် ၁၆ရက်မြောက်နေ့ဖြစ်ပြီး သူရဦးတင်ဦးဟာ လက်ရှိအချိန်တွင် စကားပြောဆိုရာ၌ စကားမပီသေးသော်လည်း စကားပြောလာနိုင်ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ပြောသည်။

ထို့ပြင် သူရဦးတင်ဦးသည် ပူတင်းကဲ့သို့ အစာပျော့ကို စားနိုင်ပြီဖြစ်ပြီး တပ်ဆင်ထားသော ဆီးပိုက်ကို မနေ့ညက ဖြုတ်လိုက်ပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို က ဆိုသည်။

"ထိုင်တာ၊ ထတာတွေ အကုန်လုပ်နိုင်ပါတယ် ။ ညာဘက်လက်နဲ့ ခြေထောက်ကတော့ နည်းနည်းပဲ လှုပ်နိုင်သေးတယ်။ စကားကလည်း ပြောတော့ပြောတယ် မပီသေးဘူး"ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို က မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်ညက သူရဦးတင်ဦးသည် နေအိမ်ရေချိုးခန်းမှာ သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။

Recommended