ကလေးစာပေက ဘာသာပြန်အမှားများကို ဒေါ်အောင်ဆန်းစုကြည် ရှာတွေ့သွား

  • 5 years ago
ကလေးစာပေက ဘာသာပြန်အမှားများကို ဒေါ်အောင်ဆန်းစုကြည် ရှာတွေ့သွား

#MizzimaTV

ကလေးစာပေနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဘာသာပြန်ထားတဲ့ စာတွေ မှားယွင်းနေတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုလိုက်ပါတယ်။

နေပြည်တော်၊ MICC-2မှာ ဒီကနေ့ကျင်းပနေတဲ့ “စာတတ်သူတိုင်း၊ စာဖတ်ရေး” လှုပ်ရှားမှု အခမ်းအနားမှာ ပြသထားတဲ့ ပြခန်းတွေကို အခမ်းအနားမိန့်ခွန်းပြောအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က လှည့်လည် ကြည့်ရှုခဲ့ပါတယ်။

အခြေခံပညာဦးစီးဌာနက ကလေးမိတ်ဆွေစာကြည့်တိုက် ပြခန်းအရောက်မှာတော့ ကျောင်းသားငယ်ကလေးတွေ ဖတ်နေတဲ့ စာအုပ်ကို လှန်ကြည့်ရာမှာ ဘာသာပြန်အမှားတွေကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ရှိခဲ့တာပါ။

သူကြည့်ခဲ့တဲ့ စာမျက်နှာ နှစ်ခုလုံးမှာ ဘာသာပြန်ထားတာတွေ မှားနေတာကြောင့် “အဲ့လိုဆိုလည်း ဘာသာမပြန်နဲ့ပေါ့။ အမှားကြီး ပြန်လိုက်လို့ရှိရင် ပိုဆိုးတယ်။ ကလေးတွေက တစ်သက်လုံးမှားနေမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ရှိသူတွေကို ထောက်ပြပြောဆိုခဲ့တာပါ။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

Recommended