အစိုးရနဲ့ ပူးပေါင်းဖို့ စီးပွားရေးလုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

  • 6 years ago
အစိုးရနဲ့ ပူးပေါင်းဖို့ စီးပွားရေးလုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

#MizzimaTV

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတိုးတက်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော် MICC-2မှာ ဒီဇင်ဘာလ ၁၄ရက်နေ့က မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ ၃ကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင်ညီလာခံမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တီထွင်တဲ့စိတ်၊ အသစ်မြင်တဲ့စိတ်ရှိဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းက လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ အမျိုးသမီးပါဝင်မှုက ၄၉ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခု ၂၀၁၈ခုနှစ်မှာ ၅၈ရာခိုင်နှုန်းအထိ တိုးတက်လာတဲ့အပေါ် ဂုဏ်ယူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း