NLD နာယက သူရဦးတင္ဦးထံ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ သြားေရာက္ေတြ႕ဆံု

  • 7 years ago
ZawGyi-
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ရန္ကုန္ျပည္သူ႕ေဆးရံုႀကီး ႏွလံုးကုသေဆာင္တြင္ တက္ေရာက္ေဆးကုသေနသည့္ NLD နာယက သူရဦးတင္ဦးထံ ဒုတိယအႀကိမ္ေျမာက္ လာေရာက္ေတြ႕႔ဆံုခဲ႔သည္။

ယေန႔ ဇြန္ ၁၄ရက္တြင္ ကေနဒါႏုိင္ငံ ႏွင့္ ဆြီဒင္ႏုိင္ငံတုိ႔မွ အျပန္ လာေရာက္ေတြ႕ဆံုခဲ့ျခင္းျဖစ္ၿပီး ၎၏ ႏုိင္ငံျခားခရီးစဥ္ မသြားေရာက္မီ ဇြန္လ ၃ ရက္ကလည္း လာေရာက္ေတြ႕ဆံုခဲ့ေသးသည္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္ ျပည္သူ႔ေဆးရုံ၊ ေဆးရုံအုပ္ႀကီး ေဒါက္တာေအးကိုကိုနဲ႔ တာ၀န္ရွိသူမ်ားက ဦးတင္ဦး၏ လက္ရွိ က်န္းမာေရးတိုးတက္လာမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပခဲ႔ၾကသည္။

လက္ရွိ ႏွလံုးကုသေဆာင္တြင္ တက္ေရာက္ေနရသည့္ NLD နာယက သူရဦးတင္ဦး က်န္းမာေရးအေျခအေန တိုးတက္ေကာင္းမြန္လာေသာေၾကာင့္ ယခုလ (ဇြန္လ) ကုန္တြင္ ေဆးရံုမွ ဆင္းႏိုင္ေတာ့မည္ဟု ခန္႔မွန္ထားေၾကာင္း ရန္ကုန္ေဆးရံုအုပ္ႀကီး ေဒါက္တာေအးကိုကို က မဇိၥ်မသို႔ ေျပာၾကားထားသည္။

" ဒီလကုန္ေလာက္ေတာ့ ဆင္းႏိုင္မယ္ထင္ပါတယ္” ဟု ရန္ကုန္ေဆးရံုအုပ္ႀကီး ေဒါက္တာေအးကိုကိုက ေျပာဆိုသည္။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နာယက ဦးတင္ဦးသည္ ဦးေႏွာက္ေသြးေၾကာပိတ္ၿပီး ကိုယ္တစ္ျခမ္း ေလျဖတ္ေရာဂါခံစားရသည္႔အတြက္ ေမလ ၁၈ ရက္ကစၿပီး ေဆး၀ါးကုသမႈခံယူေနျခင္းျဖစ္သည္။ သူရဦးတင္ဦးသည္ ရန္ကုန္ျပည္သူ႕ေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူေနသည္မွာ ၂၈ ရက္ၾကာျမင့္ခဲ့ၿပီျဖစ္သည္။

Unicode-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးကုသဆောင်တွင် တက်ရောက်ဆေးကုသနေသည့် NLD နာယက သူရဦးတင်ဦးထံ ဒုတိယအကြိမ်မြောက် လာရောက်တွေ့့ဆုံခဲ့သည်။

ယနေ့ ဇွန် ၁၄ရက်တွင် ကနေဒါနိုင်ငံ နှင့် ဆွီဒင်နိုင်ငံတို့မှ အပြန် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နိုင်ငံခြားခရီးစဉ် မသွားရောက်မီ ဇွန်လ ၃ ရက်ကလည်း လာရောက်တွေ့ဆုံခဲ့သေးသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနဲ့ တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိ ကျန်းမာရေးတိုးတက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

လက်ရှိ နှလုံးကုသဆောင်တွင် တက်ရောက်နေရသည့် NLD နာယက သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် ယခုလ (ဇွန်လ) ကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည်ဟု ခန့်မှန်ထားကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က မဇ္စျိမသို့ ပြောကြားထားသည်။

" ဒီလကုန်လောက်တော့ ဆင်းနိုင်မယ်ထင်ပါတယ်” ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသည့်အတွက် မေလ ၁၈ ရက်ကစပြီး ဆေးဝါးကုသမှုခံယူနေခြင်းဖြစ်သည်။ သူရဦးတင်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်မှာ ၂၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။

Recommended