" သံချပ်က ပြစ်မှုမဟုတ်ပါဘူး"ဟု ဖမ်းဆီးခံရသည့် သံချပ်အဖွဲ့မှ ဦးဆောင်သူပြော

  • 5 years ago
" သံချပ်က ပြစ်မှုမဟုတ်ပါဘူး"ဟု ဖမ်းဆီးခံရသည့် သံချပ်အဖွဲ့မှ ဦးဆောင်သူပြော
***********************************
" သံချပ်က ပြစ်မှုမဟုတ်ပါဘူး။ သံချပ်က အခုလက်ရှိထိ ပြစ်မှုဖြစ်နေပါတယ်။ သရော်စာနဲ့ သံချပ်ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ပြစ်မှုဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်အဓိက ပြောချင်တာ သံချပ်ဟာ ပြစ်မှုမဟုတ်ပါဘူး" ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ ဦးဆောင်အဖွဲ့ဝင် ဖိုးသား (ခ) ကိုဇော်လင်းထွန်း
တပ်မတော်ဘက်မှ တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ ဦးဆောင်သူ ၅ ဦးကို အချုပ်လွှတ် အာမခံမပေးဘဲ ဧပြီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံးမှတဆင့် ရဲတပ်ဖွဲ့မှ အင်းစိန် ထောင်အချုပ်သို့ ပို့ဆောင်လိုက်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရနိုင်(လောက်ကိုင်)

Recommended