၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူစစ်​​ဆေး​နေ

  • 5 years ago
၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူစစ်​​ဆေး​နေ
**********************
တပ်မတော်ကနေ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားတွေကို မေ ၂၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အဲ့ဒီလို ရုံးထုတ်ချိန်မှာ မိသားစုဝင်တွေ ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး ဗိုလ်​တ​ထောင်​မြို့မရဲစခန်းက ၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ၅၁ လမ်းနေ အိမ်က​နေ ​မေ၂၁ ရက်​​နေ့၊ ညပိုင်းမှာ ​ခေါ်ယူစစ်​​ဆေးမှု​တွေပြုလုပ်​​နေပါတယ်​။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွင် ပါဝင်သူများအားလုံးကို ရဲက ခေါ်ယူစစ်ဆေးရန် ဆင့်ခေါ်ထားသည်ဟု ကြားသိရပြီး လတ်တလောတွင် အရေအတွက် အတိအကျ မသိရသေးပေ။
သတင်းရိုက်​ကူး/တည်းဖြတ်​- ရဲနိုင်​(​လောက်​ကိုင်​)

Recommended