၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူစစ်​ ပြန်​လွှတ်​​ပေး

  • 5 years ago
၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူစစ်​ ပြန်​လွှတ်​​ပေး
***********************
ရုန်းရင်းဆန်ခတ်ဖြစ်​ပွားချိန်​ ရဲတစ်​ဦး ဒဏ်​ရာရရှိခဲ့တဲ့အတွက်​ ၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲတပ်​ဖွဲ့က​ ခေါ်ယူစစ်​​ဆေးခဲ့ပြီး ည ၁၁ နာရီခွဲအချိန်​ခန့်​မှာ​တော့ ဒေါ်နီလာသိန်းကို ပြန်​လွှတ်​​ပေးလိုက်​ပါတယ်​။

တပ်မတော်ကနေ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားတွေကို မေ ၂၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အဲ့ဒီလို ရုံးထုတ်ချိန်မှာ မိသားစုဝင်တွေ ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်​စဉ်​​ကြောင့်​ ရဲတစ်​ဦး ဒဏ်​ရာရရှိခဲ့တဲ့အတွက်​ ၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ၅၁ လမ်းနေအိမ်က​နေ ဗိုလ်​တ​ထောင်​မြို့မရဲစခန်းမှ မေ ၂၁ ရက်​​နေ့၊ ညပိုင်းမှာ ​ခေါ်ယူစစ်​​ဆေးမှု​တွေ ပြုလုပ်​ခဲ့တာဖြစ်​ပါတယ်​။

လက်ရှိမှာတော့ ​ဒေါ်နီလာသိန်းအပါအဝင်​ ၅ ဦးကို ရဲအရာရှိတစ်ဦးက တရားလိုလုပ်​ ​အမှုဖွင့်​ထား​ကြောင်းသိရပါတယ်​။
သတင်းရိုက်​ကူး/တည်းဖြတ်​- ရဲနိုင်​(​လောက်​ကိုင်​)

Recommended