ကျေးလက်လမ်းစီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူရန် လွှတ်တော်သို့ တင်ပြ

  • 5 years ago
ကျေးလက်လမ်းစီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူရန် လွှတ်တော်သို့ တင်ပြ
********************
ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးလက်လမ်းစီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ အမေရိကန်ဒေါ်လာ ၅၁သန်းကျော် ချေးယူရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၅ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြလိုက်ပါတယ်။

ဒီစီမံကိန်းအတွက် အစိုးရက ဒေါ်လာ ၁သန်းကျော် ထည့်ဝင်မှာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂သန်း ကျော်နဲ့ လာမယ့် ငါးနှစ်အတွင်းမှာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီချေးငွေနဲ့ပတ်သက်လို့ ဆွေးနွေးလိုတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ အခုလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးကြဖို့လည်း ပြည်ထောင်စုလွှတ်တော်နယက က ကြေငြာထားပါတယ်။
ရိုက်ကူး- အောင်မြတ်သူ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended