ဒေါ်လာဈေးကစားသူ လေးဦးကို အမှုဖွင့်ထားပြီး နောက်ထပ် စစ်ဆေးဖို့ ရှိနေသေးစက်တင်ဘာ- ၃၀၊ ၂၀၁၈ဒေါ်လာဈေးကွက်ထဲမှာ ဈေးကစားတဲ့သူ ဆယ်ဦးကျော် စစ်ဆေးခဲ့ပြီးနောက် လေးဥ

  • 6 years ago
ဒေါ်လာဈေးကစားသူ လေးဦးကို အမှုဖွင့်ထားပြီး နောက်ထပ် စစ်ဆေးဖို့ ရှိနေသေး

စက်တင်ဘာ- ၃၀၊ ၂၀၁၈

ဒေါ်လာဈေးကွက်ထဲမှာ ဈေးကစားတဲ့သူ ဆယ်ဦးကျော် စစ်ဆေးခဲ့ပြီးနောက် လေးဦးကို လက်ရှိမှာ အမှုဖွင့်ထားပြီ ဖြစ်ပြီး နောက်ထပ် ခေါ်ယူစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ရှိနေသေးတယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)က စုံစမ်းသိရပါတယ်။

အခုဆိုရင် စစ်ဆေးပေါ်ပေါက်ချက်တွေအရ အဲ့ဒီထဲက လေးဦးကို နိုင်ငံခြား ငွေသုံး စီမံခန့်ခွဲမှု ဥပဒေနဲ့ သူတို့ နေထိုင်တဲ့ ကျောက်တံတား၊ ပန်းဘဲတန်းနဲ့ ပုဇွန်တောင်မြို့နယ်တွေက ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက အခုလို ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး အဲ့ဒီတပတ်လုံး ဒေါ်လာလဲလှယ်နှုန်းဟာ တပတ်အတွင်းမှာ သိသိသာသာ မြင့်တက်မှုတွေ ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အခုလို ဈေးကစားသူတွေလို့ ယူဆရသူ ဆယ်ဦးကျော်ကျော်ကို ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပြီး လေးဦးကို အမှုဖွင့်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရသူတွေကို ဒီကနေ့မှာ သက်ဆိုင်ရာ တရားရုံးတွေမှာ ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Recommended