သံုးနိုင္ငံ ဗီဇာကင္းလြတ္ခြင့္ ဒီေန႔ စတင္ေအာက္တိုဘာ ၁၊ ၂၀၁၈ေဟာင္ေကာင္၊ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္နိုင္ငံကေန ့ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ၾကတဲ့ ခရီးသြားဧည့္

  • 6 years ago
သံုးနိုင္ငံ ဗီဇာကင္းလြတ္ခြင့္ ဒီေန႔ စတင္

ေအာက္တိုဘာ ၁၊ ၂၀၁၈

ေဟာင္ေကာင္၊ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္နိုင္ငံကေန ့ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ၾကတဲ့ ခရီးသြားဧည့္သည္ေတြကို ဒီေန႔ ေအာက္တိုဘာ ၁ ရက္က စၿပီး ဗီဇာကင္းလြတ္ခြင့္ ျပဳလိုက္ပါၿပီ

ဒီေန႔ ေအာက္တိုဘာလ ၁ ရက္ေန႔ မနက္ပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ဆိုက္ေရာက္မွာ အဲဒီဗီဇာကင္းလြတ္ခြင့္ အခမ္းအနားကို က်င္းပျပဳလုပ္ခဲ့တာပါ။

အခုလို ဗီဇာကင္းလြတ္ခြင့္ေပးတာဟာ နိုင္ငံရဲ႕ ခရီးသြားလုပ္ငန္း ဖြံ႕ျဖိဳးတိုးတက္ဖို႔ရည္ရြယ္တယ္လို႔ ဟိုတယ္ခရီးသြားလာေရး ညႊန္ၾကားမႈ ဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္ေထြးက ေျပာပါတယ္။

ေဟာင္ေကာင္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္နိုင္ငံကေန လာေရာက္လည္ပတ္ၾကမယ့္ ခရီးသြားေတြဟာ ျပည္တြင္း ေလဆိပ္ သံုးခုနဲ႔ နယ္စပ္ဂိတ္ ၅ ခုကေန ဗီဇာကင္းလြတ္ခြင့္နဲ႔ လာေရာက္လည္ပတ္ခြင့္ရမွာျဖစ္ပါတယ္။

တရုတ္နိုင္ငံကိုေတာ့ ျပည္တြင္း ေလဆိပ္ ၃ ခုကေန ဆိုက္ေရာက္ဗီဇာနဲ႔ ခြင့္ျပဳမယ္လို႔ သိရပါတယ္။

ဗီဇာကင္းလြတ္ခြင့္ကို တစ္ႏွစ္သက္တမ္းနဲ႔ စမ္းသပ္ကာလ သတ္မွတ္ထားၿပီး၊ လာေရာက္လည္ပတ္တဲ့ ခရီးသြားဧည့္သည္ေတြက တစ္လ ေနထိုင္ခြင့္ရရွိမွာ ျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ယဥ္မြန္

Unicode

သုံးနိုင်ငံ ဗီဇာကင်းလွတ်ခွင့် ဒီနေ့ စတင်

အောက်တိုဘာ ၁၊ ၂၀၁၈

ဟောင်ကောင်၊တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံကနေ့မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေကို ဒီနေ့ အောက်တိုဘာ ၁ ရက်က စပြီး ဗီဇာကင်းလွတ်ခွင့် ပြုလိုက်ပါပြီ

ဒီနေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်မှာ အဲဒီဗီဇာကင်းလွတ်ခွင့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပါ။

အခုလို ဗီဇာကင်းလွတ်ခွင့်ပေးတာဟာ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ရည်ရွယ်တယ်လို့ ဟိုတယ်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကနေ လာရောက်လည်ပတ်ကြမယ့် ခရီးသွားတွေဟာ ပြည်တွင်း လေဆိပ် သုံးခုနဲ့ နယ်စပ်ဂိတ် ၅ ခုကနေ ဗီဇာကင်းလွတ်ခွင့်နဲ့ လာရောက်လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံကိုတော့ ပြည်တွင်း လေဆိပ် ၃ ခုကနေ ဆိုက်ရောက်ဗီဇာနဲ့ ခွင့်ပြုမယ်လို့ သိရပါတယ်။

ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်သက်တမ်းနဲ့ စမ်းသပ်ကာလ သတ်မှတ်ထားပြီး၊ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေက တစ်လ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်