ဝေလရဲ့ Live in 360စက်တင်ဘာ-၃၀၊၂၀၁၈အဆိုတော် ဝေလရဲ့ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၉ ရက်ညက အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ Live in

  • 6 years ago
ဝေလရဲ့ Live in 360

စက်တင်ဘာ-၃၀၊၂၀၁၈

အဆိုတော် ဝေလရဲ့ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၉ ရက်ညက အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

Live in 360 လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲမှာ ဝေလက သူ့ရဲ့ နာမည်ကြီးသီချင်း နှစ်ဆယ်ကျော်ကို အပိုင်းသုံးပိုင်းခွဲပြီး ဖျော်ဖြေပေးခဲ့တာပါ။

ဒီဖျော်ဖြေပွဲမှာသီဆိုတဲ့ သီချင်းအားလုံးကို ဝေလရဲ့ Runner Band နဲ့အတူ ဂီတကဗျာ Orchestra အဖွဲ့က ပါဝင်တီးခတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ငွေကျပ် သုံးသိန်းတန် လက်မှတ် ၁၅ စောင်ရောင်ချခဲ့ပြီး အဲဒီလက်မှတ်ရောင်းချငွေအားလုံးကို မိဘမဲ့ပရဟိတကျောင်းတစ်ကျောင်းအတွက် လှူဒါန်းပေးခဲ့ပါတယ်။
ရုပ်သံသတင်းထောက်-ဇွဲဥာဏ်

Recommended