ပညာသင်ထောက်ပံ့ကြေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ အကူအညီရရှိ

  • 7 years ago
မြန်မာနိုင်ငံပညာသင်ထောက်ပံ့ကြေးနဲ့ ကျောင်းထောက်ပံ့ကြေးစီမံချက်အတွက် သြစတြေးလျနဲ့ ကမ္ဘာ့ဘဏ်တို့ကနေ အမေရိကန်ဒေါ်လာ သန်း တစ်ရာ ထောက်ပံ့ပေးသွားဖို့ သဘောတူလိုက်ပါပြီ။ ဒါက အစိုးရကနေ လက်ရှိဆောက်ရွက်နေတဲ့ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်တွေကို ပိုမိုတိုးချဲ့နိုင်ဖို့ ဖြစ်ပါတယ်။
ဒီထောက်ပံ့ငွေတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း အိုင်ဒီအေ ကနေ အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးပေးမှာဖြစ်ပြီး သြစတြေးလျအစိုးရရဲ့ ထောက်ပံ့ငွေက ဒေါ်လာ သန်း ၂၀ ဖြစ်ပါတယ်။
ဒီစီမံကိန်းကနေ ကျေးလက်ဒေသက ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၈ သန်းကျော်လောက်ရှိနေတဲ့ စာသင်ကျောင်းတွေအတွက် ထောက်ပံ့ငွေရရှိမှာဖြစ်ပါတယ်။ ဒါက ပညာရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့ရည်ရွယ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ဘက်က ပြောပါတယ်။

Recommended