အမှိုက်စွန့်ပစ်ရန် နေရာမရှိတော့သည့်အတွက် စွန့်ပစ်အမှိုက်သန့်စင်ရန် ယူရို သန်း၅၀ ချေးယူရေး တင်ပြ

  • 4 years ago
အမှိုက်စွန့်ပစ်ရန် နေရာမရှိတော့သည့်အတွက် စွန့်ပစ်အမှိုက်သန့်စင်ရန် ယူရို သန်း၅၀ ချေးယူရေး တင်ပြ
*****************************
လာမည့်လေးနှစ်အတွင်း ရန်ကုန်တွင် အမှိုက်များကို စွန့်ပစ်ရန် မြေနေရာ မရှိတော့သည့်အတွက် စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့ကကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြို့တော်စည်ပင်သာယာရေးနယ် နမိတ်အတွင်းမှ စွန့်ပစ်အမှိုက်များကို ပြုပြင်သန့်စင်သည့် စီမံကိန်းဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရထံ ချေေးငွေ ရယူရေး ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပေးပို့လာမှုကို ဦးမောင်မောင်ဝင်းက တင်ပြခဲ့ခြင်း ဖြစ်သည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/64431
ရိုက်ကူး/တည်းဖြတ် - အောင်မြတ်သူ
(zawgyi)
*****************************

Recommended