တရုတ်သို့တင်ပို့မည့် ဆန်တစ်တန် ကန်ဒေါ်လာ ၄၀၀ ခန့်ရနိုင်မည်

  • 7 years ago
မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်တင်ပို့ရင်တော့ ဧည့်မထ ၂၅ မတ် ဆန်တတန်ကို အမေရိကန်ဒေါ်လာ ၄၀၀ လောက် ရရှိနိုင်ကြောင်း ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဝင်ဆန်တင်ပို့ရေးချုပ်ဆိုလိုက်တဲ့ သဘောတူစာချုပ်တွေအရ ဈေးနှုန်းတွေ သတ်မှတ်မထားပေမယ့် ကမ္ဘာ့ဆန်ဈေးအရ အခုလို ဈေးရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကနေ အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်ဆန်းပိုင်းတွေမှာ ပင်လယ်ရေကြောင်းကနေတဆင့် ဧည့်မထ ဆန်တန်ချိန် တစ်သိန်း တင်ပို့မှာဖြစ်ပြီး နယ်စပ်လမ်းကြောင်းကနေလည်း တန်ချိန် တစ်သိန်း တင်ပို့သွားမှာဖြစ်ပါတယ်။
အာဖရိကဈေးကွက်ကို တင်ပို့နေတဲ့ ဧည့်မထ ဆန် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၄၀ လောက် ဈေးရနေပြီး တရုတ်ကိုတင်ပို့ရင်တော့ ဆန်အရည်အသွေး ပိုကောင်းမှာဖြစ်တာကြောင့် ဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း ဆန်လုပ်ငန်းရှင်တွေကလည်း ပြောပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်တင်ပို့မှု တရားဝင်ခွင့်ပြုထားပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမရှိပဲ အခုနှစ်မှာ စတင်ဝယ်ယူသွားမှာဖြစ်ပါတယ်။

Recommended