OMNI Focus ကုမ္ပဏီနှင့် CCOEC တို့ ကန်ဒေါ်လာ ၄.၉ ဘီလီယံရင်းနှီးမြှုပ်နှံမည်

  • 7 years ago
ဦးအေးနေ၀င်းနဲ့ ဦးကျော်နေ၀င်းတို့ မိသားစုပိုင် အွန်မ်နီဖိုးကပ်စ် ကုမ္ပဏီဟာအခုနှစ်ထဲမှာပဲအမေရိကန်ဒေါ်လာသန်းပေါင်း ၅ ထောင်နီးပါးရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားတော့မှာဖြစ်ကြောင်း ဦးအေးနေ၀င်း ပြောပြချက်အရသိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေအတွက် တရုတ်နိုင်ငံ သဘာဝဓါတ်ငွေ့တူးဖော်ရေးကုမ္ပဏီစီစီအိုအီးစီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လျှပ်စစ်မီးရရှိရေးလုပ်ငန်းတွေ ပါဝင်လာမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရင်းနှီးမြှုပ်နှံသွားမယ့် ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံထဲကနေအေဂျီဒီဘဏ်ရဲ့ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကိုလည်း ၀ယ်လူလိုက်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိတိုးမြှင့်ဝယ်ယူသွားမယ်လို့လည်း ဦးအေးနေ၀င်းက ပြောပါတယ်။

Recommended