လာမည့် ၅ လအတွင်း KFC ကြက်ကြော်ဆိုင် အသစ် ၅ ဆိုင် တိုးချဲ့ဖွင့်လှစ်မည်

  • 7 years ago
KFC ကြက်ကြော်ဆိုင်အသစ် ၅ ဆိုင်ကို ၂၀၁၇ ခုနှစ် မတ်လကုန်အတွင်းမှာ ထပ်မံဖွင့်လှစ်လုပ်ကိုင်သွားမယ်လို့ KFC မြန်မာရဲ့ အုပ်ချုပ်မှုဒါရိုက်တာ JR Ching က ပြောဆိုလိုက်ပါတယ်။ လက်ရှိအချိန်အထိ ရန်ကုန်မြို့မှာ KFC ကြက်ကြော်ဆိုင် ၇ ဆိုင်အထိ ရှိနေတာဖြစ်ပြီး အခု ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လကုန်အထိကို KFC ကြက်ကြော်ဆိုင် ၃ ဆိုင်ကို ရန်ကုန်မြို့မှာတင် ဖွင့်လှစ်သွားမယ်ဆိုပြီးတော့လည်း မစ္စတာ JR Ching က ပြောဆိုထားပါတယ်။
ပထမဆုံး KFC ကြက်ကြော်ဆိုင်ကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ KFC ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ အလုံးစုံသော ကုန်ကျစားရိတ်ပေါင်းဟာ အမေရိကန်ဒေါ်လာ ၅ သိန်းကနေ တစ်သန်းအထိ ရှိပါတယ်
(သတင်း-အောင်သူရ)

Recommended