ဒေါ်နန္ဒမာလာအား မင်္ဂလာဒုံတွင် စွဲဆိုထားသောအမှု အာမခံပေး၊ မပေး လာမည့်ရုံးချိန်း အမိန့်ချမည်

  • 5 years ago

ဒေါ်နန္ဒမာလာအား မင်္ဂလာဒုံတွင် စွဲဆိုထားသောအမှု အာမခံပေး၊ မပေး လာမည့်ရုံးချိန်း အမိန့်ချမည်
*******************
ကျပ်သိန်း ၁ဝဝဝ ကျော်လိမ်လည်မှုဖြင့် ဒေါ်နန္ဒမာအား ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် စွဲဆိုထား သောအမှုကို အာမခံပေး၊ မပေးကိစ္စအား လာမည့် ရုံးချိန်းဖြစ်သော ဇန်နဝါရီလ ၂၄ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ယောဂီဝတ်ဖြင့် ငွေကျပ်သိန်း ၁ဝ၅ဝ အားလိမ်ယူခဲ့သည်ဟုဆိုကာ မသန္တာဦးကတရားလိုပြုလုပ်၍ ဒေါ်နန္ဒမာလာအား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၂ဝ/ ၇၅ ဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဒေါ်နန္ဒမာလာသည် မင်္ဂလာဒုံမြို့နယ်တရားရုံးမှ အမှုအပြင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှု၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသူဖြစ်ပြီး ၎င်းအား ထပ်မံအမှုဖွင့်မည့်သူများလည်း ရှိနေသေးကြောင်း သိရသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ