KFC အသင့်စား စားသောက်ဆိုင်ခွဲ ဖွင့်တော့မည်

  • 7 years ago
ကေအက်ဖ်စီ အသင့်စား စားသောက်ဆိုင်ခွဲ လုပ်ငန်းဟာ ရိုးမအုပ်စုနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
အမေရိကန် ကေအက်စ်စီ အသင့်စားစားသောက်ဆိုင်ကို လာမယ့် ၂၀၁၅ မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း အခုလအတွင်းမှာပဲ သတင်းထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ စားသုံးသူဈေးကွက်အလားအလာကောင်းတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေသန်း ငါးဆယ်ကျော်ရဲ့ သုံးစွဲငွေပိုများလာတာကလည်း သူတို့လုပ်ငန်းအတွက် သင့်တော်တဲ့နေရာဖြစ်ကြောင်း ကေအက်ဖ်စီက ယူဆထားပါတယ်။

Recommended