ပြည်ပရင်းနှီးမြှုပ်နှံမှု ၅ လအတွင်း အမေရိကန်ဒေါ်လာ ၂ဒဿမ ၅ဘီလီယံခန့်ထိ ရှိလာ

  • 5 years ago
ပြည်ပရင်းနှီးမြှုပ်နှံမှု ၅ လအတွင်း အမေရိကန်ဒေါ်လာ ၂ဒဿမ ၅ဘီလီယံခန့်ထိ ရှိလာ
***************************************
ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု သည် ၅ လအတွင်း အမေရိကန်ဒေါ်လာ ၂ဒဿမ ၅ ဘီလီယံခန့်အထိ ရှိလာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

မေလ ၈ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ မေးခွန်းမေးမြန်းမှုများကို လာရောက်ဖြေကြားပြီးချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုပမာဏဟာ ၄င်းဝန်ကြီးဌာနအသစ် စတင်ဖွင့်လှစ်ချိန်မှ စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်းပိုမိုရရှိလာရန် ကိုလည်း မျှော်လင့်ထားကြောင်း ထို့အပြင် ပြည်တွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမည့်သူများအား လိုက်လံပြသမည့်အစီအစဉ်များရှိကြောင်းလည်း ၄င်းကပြောကြားခဲ့သည်။

ရိုက်ကူး- အောင်မြတ်သူ

တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/56678

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended