ကျူးကျော်နှင့် အစိုးရ၀န်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ယာဆောက်မည်ဆိုပါက မြေအခမဲ့ပေးမည်

  • 5 years ago

ကျူးကျော်နှင့် အစိုးရ၀န်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ယာဆောက်မည်ဆိုပါက မြေအခမဲ့ပေးမည်
*************************
ရန်ကုန်မြို့၊စက်မှုဇုန်များအနီးရှိ ကျူးကျော်များနှင့် အစိုးရ၀န်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်မည့်သူများကို မြေဈေး ဇီးရိုးကုန်ကျငွေဖြင့် ပေးသွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောဆိုသည်။
" အိမ်ယာမှ နှစ်ခုရှိပါတယ်။ကျူးကျော်အတွက်သပ်သပ်၊၀န်ထမ်းတွေအတွက်တန်ဖိုးနည်းအိမ်ယာ သပ်သပ်ပါ။ ၀န်ထမ်း အိမ်ယာအတွက်က မဆောက်လို့မရဘူး။အခန်းခ၊ငှားရမ်းခက ဈေးကြီးတယ်ဆိုတဲ့အတွက်ကြောင့်ပါ။ ကျူးကျော်တွေအတွက်ကျတော့သပ်သပ်ဆောက်မယ်။အဓိကမြေ၊ မြေဈေးကြီးတဲ့အတွက် တိုက်ခန်းခ တို့က မြင့်တယ်။မြေဈေးကို ဇီးရိုးကုန်ကျငွေနဲ့ထားပြီးပေးမယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59838
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended