အစိုးရ နှင့် KNU အလွတ်သဘောတွေ့ဆုံ

  • 5 years ago
အစိုးရ နှင့် KNU အလွတ်သဘောတွေ့ဆုံ
**********************
ရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စရပ်များနှင့်ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ ဖြစ်သည့်ငြိမ်းချမ်းရေး ကော်မရှင် နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အကြား အလွတ် သဘော ဆွေးနွေးမှုကို ဇူလိုင်လ ၉ ရက်နေ့ က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တွဲဖက်အတွင်းရေးမှူး(၁) စောဆာဘွေက ဦးဆောင်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် နော်ဒါးဒါး ၊စောအယ်ကလူရွှေဦး ၊ စောနေသဘာလေး၊ မန်းဘထွန်း နှင့် နော်မေဦးတို့ဦးဆောင်လာခဲ့သည်။
ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58668
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended