နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု ဖော်ပြမှုသည် အစိုးရ၏ အာဘော်မဟုတ်

  • 5 years ago
နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု ဖော်ပြမှုသည် အစိုးရ၏ အာဘော်မဟုတ်
******************************
“ဒါနဲ့ ပတ်သက်လို့ ပြောချင်တာက ဒီ အသုံးအနှုန်း ဒီ ဝေါဟာရသည် နိုင်ငံတော်အစိုးရရဲ့ မူ၊ နိုင်ငံတော်အစိုးရရဲ့ အာဘော် လုံးဝ မဟုတ်ပါဘူး” ဦးဇော်ဌေး

ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်း မောင်တောဒေသရှိ အိုးထိန်းစခန်းတွင် ပြန်လည် လက်ခံရေးစခန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်းကို MRTV သတင်းနှင့် သတင်းစာ သုံးစောင်တွင် ဖော်ပြခဲ့သည့်အသုံးအနှုန်ဖြစ်သည့် “ နေရပ်စွန့်ခွာ တိုင်းရင်းသားများ” ဆိုသည့် စကားရပ်သည် အစိုးရ၏ အာဘော်မဟုတ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို စစ်ဆေးပြီး ဌာနဆိုင်ရာအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရိုက်ကူး-အောင်မြတ်သူ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59722

Recommended