သူတို့ကို ထောက်ခံရင်တော့ ဘုန်းဘုန်း ၊ မထောက်ခံရင်တော့ ကတုံး လို့ ပြောတယ် (ရုပ်သံ)

  • 5 years ago
ဧရာဝတီ ၊ ဇွန် ၁၀ ၊ ၂၀၁၉

ပုဒ်မ ၁၂၄(က)ဖြင့် ဝရမ်းထုတ်ခြင်း ခံထားရတဲ့ မစိုးရိမ်ကျောင်းတိုက်မှ အမျိုးသားရေး လှုပ်ရှားသူ ဆရာတော် ဦးဝီရသူ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အမျိုးသားရေး လှုပ်ရှားသူများနှင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂတို့မှ ပူးပေါင်းကာ ဇွန်လ ၁၀ ရက်နေ့က ဆုတောင်းမေတ္တာပို့သမှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဆုတောင်းမေတ္တာပို့သမှုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားအရှေ့ကနေ မြို့တော်ခန်းမအထိ အင်အား ၁၀၀၀ နီးပါး လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

ရိုက်ကူး- အဲမလီ ၊ ဝေနှင်းထွဋ်

တည်းဖြတ်- ဝေနှင်းထွဋ်

Recommended