New Year ညက လူမှုကယ်ဆယ်ရေးယာဉ် ၂ စီး အုတ်ခဲနဲ့ထုခံရမှု အမှုမဖွင့်ရသေး (ရုပ်သံ)

  • 5 years ago
ဧရာဝတီ၊ ဒီဇင်ဘာ ၃၊ ၂၀၁၉

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ Happy New Year ညမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ သုခလမ်းထိပ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့သော လူနာတစ်ဦးကို ဆေးရုံတင်ဖို့ ရာမည အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်က လူနာသွားတင်ရာမှာ လူနာမပေးတင်ဘဲ လူနာလာတင်တဲ့ ယာဉ် ၂ စီးကို အုတ်ခဲနဲ့ထုကာ အရေးပေါ်ယာဉ်ပေါ်မှ လူနာကိုလည်း ဆွဲခဲ့တဲ့အပြင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များကို ထိုးနှက်မှု ရှိခဲ့ပါတယ်။

မကြားသေးမီကာလကလည်း ပေါင်မြို့နယ်အတွင်းမှာ လူနာသွားတင်တဲ့ လူမှုရေးအဖွဲ့တွေကို လူနာမတင်ဖို့ ဓားတွေ၊ တုတ်တွေနဲ့ ဟန့်တားမှုခဲ့တာရှိခြင်းကြောင့် ယခု New Year ညရဲ့ မော်လမြိုင်ဖြစ်စဉ်ဟာ မွန်ပြည်နယ် မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို ဒုတိယအကြိမ် ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။

လက်တလောတွင် ဒီဇင်ဘာ ၃ ရက်နေ့အထိ New Year ည ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမဖွင့်ရသေးသဖြင့် ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဆိုကြပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဉာဏ်စိုးဝင်း