အကောင်းဆုံးကျောင်းကို ရွေးချယ်ဖို့ အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို သွားကြစို့ (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၁၉

Global Education Expo 2019 အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကြီးကို စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ ဒီပြပွဲကြီးမှာ ပြခန်းပေါင်း ၈၀ အထိရှိပြီး ကုမ္ပဏီပေါင်း ၄၀ က ပါဝင်ပြသလျက်ရှိပါတယ်။

ပြည်တွင်းပြည်ပက တက္ကသိုလ်နဲ့ ကောလိပ်များ၊ ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာနှင့်နိုင်ငံခြားတက္ကသိုလ်ကျောင်းများ၊ စီးပွားရေးနှင့်စီမံခန့်ခွဲမှု သင်တန်းကျောင်းများ၊ IT နှင့် အင်ဂျင်နီယာကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများအပြင် ပညာရေးဝန်ဆောင်မှုများနဲ့ စာအုပ်၊ စာပေအမျိုးမျိုးတို့ ပါဝင် ပြသလျက်ရှိပါတယ်။

ရိုက်ကူး - ငြိမ်းဇော်၊ ကျော်သူရ
တည်းဖြတ် - ကျော်သူရ

Recommended