ဆူဇူကီးဖလားအတြက္ ျမန္မာအသင္းအေကာင္းဆုံးျပင္ဆင္ထားတယ္လုိ႕ဆို ေအာက္တိုဘာ - ၂၀ ၊၂၀၁၈ ဆူဇူကီးၿပိဳင္ပြဲ မွာ ျမန္မာအသင္းဟာ ျပင္ဆင္မႈအေကာင္းဆုံးအသင္းလိုက ျမန္မာႏို

  • 6 years ago
ဆူဇူကီးဖလားအတြက္ ျမန္မာအသင္းအေကာင္းဆုံးျပင္ဆင္ထားတယ္လုိ႕ဆို

ေအာက္တိုဘာ - ၂၀ ၊၂၀၁၈

ဆူဇူကီးၿပိဳင္ပြဲ မွာ ျမန္မာအသင္းဟာ ျပင္ဆင္မႈအေကာင္းဆုံးအသင္းလိုက ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ ခ်ဳပ္ ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္း ေျပာပါတယ္။

ျမန္မာလက္ေရြးစင္အသင္းဟာ ဆူဇူကီးဖလားၿပိဳင္ပြဲအႀကိဳျပင္ဆင္မႈအေနနဲ႕ အင္ဒိုနီးရွား ၊ ဘိုလီးဗီးယား ၊ ဘာရိန္းအသင္းတို႕နဲ႕ ေျခစမ္းကစားထားတာျဖစ္ပါတယ္။
ဒီေျခစမ္းပြဲေတြမွာေတာ့ ျမန္မာအသင္းဟာ ရႈံးနိမ့္ ထားေပမယ့္ အေတြ႕အၾကဳံ ေကာင္းေတြ ရခဲ့တယ္လုိ႕လည္း ဆိုပါတယ္။

လက္ရိွမွာေတာ့ ျမန္မာ့လက္ေရြးစင္အသင္း ဟာ ကာတာႏိုင္ငံကို ေရာက္ေနၿပီး ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရိွရင္ေတာ့ ဆူဇူကီးဖလားအတြက္ အၿပီးသတ္လူစာရင္းကို နည္းျပက ထုတ္ျပန္ သြားမယ္ လို႕သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး ၊ ယဥ္မြန္

(Unicode)

ဆူဇူကီးဖလားအတွက် မြန်မာအသင်းအကောင်းဆုံးပြင်ဆင်ထားတယ်လို့ဆို

အောက်တိုဘာ - ၂၀ ၊၂၀၁၈

ဆူဇူကီးပြိုင်ပွဲ မှာ မြန်မာအသင်းဟာ ပြင်ဆင်မှုအကောင်းဆုံးအသင်းလိုက မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း ပြောပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအနေနဲ့ အင်ဒိုနီးရှား ၊ ဘိုလီးဗီးယား ၊ ဘာရိန်းအသင်းတို့နဲ့ ခြေစမ်းကစားထားတာဖြစ်ပါတယ်။
ဒီခြေစမ်းပွဲတွေမှာတော့ မြန်မာအသင်းဟာ ရှုံးနိမ့် ထားပေမယ့် အတွေ့အကြုံ ကောင်းတွေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်အသင်း ဟာ ကာတာနိုင်ငံကို ရောက်နေပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိရင်တော့ ဆူဇူကီးဖလားအတွက် အပြီးသတ်လူစာရင်းကို နည်းပြက ထုတ်ပြန် သွားမယ် လို့သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး ၊ ယဉ်မွန်

Recommended