ဆဲဗင်းဂျူလိုင်နှင့်ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘယ်သူ တောင်းပန်မှာလဲ

  • 5 years ago
ဆဲဗင်းဂျူလိုင်နှင့်ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘယ်သူ တောင်းပန်မှာလဲ
*********************
“ကျွန်တော်ပြောချင်တာက နိုင်ငံရေးသမိုင်းကြောင်းအရ ဖြစ်ခဲ့တယ်၊ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဒါကို ဘယ်သူက တောင်းပန်မှာလဲ။ ဘယ်သူက မှားတယ်လို့ ပြောမှာလဲ။ သမိုင်းခေတ်တစ်ခုမှာ အမှား၊ အမှန်ဆိုတာ ရှိတယ်။
တရားခံဆိုတာ ရှိတယ်။ သူရဲကောင်းဆိုတာ ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ရဲ့ အညွန့်အဖူးဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ ပညာတတ်တွေ၊ အဲဒီအချိန်မှာ ရှားရှားပါးပါ။ အများ ကြီး သေခဲ့ရတယ်။ အင်မတန် ရှားပါးတဲ့ ပညာတတ်တွေ သေခဲ့ရတယ်။ ဘယ်သူကြောင့်လဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ နှစ်ပေါင်း ၆၀ နီးပါးရှိတဲ့အထိ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ပြောမသွားဘူး။ အဲဒီသမိုင်းကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ သမိုင်းကို တာဝန်ခံရမယ်။ သူတို့ ရှိတော့သည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ သမိုင်းတစ်ခုရဲ့ နိဂုံးမှာ နိဂုံးချုပ်ပေးရမယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးထိုက်က ဇူလိုင် ၇ ရက်တွင် ပြောသည်။

ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို ပုသိမ်မြို့၊ ဗိုလ်ဘဌေးလမ်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ တက်ရောက်ခဲ့သည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended