ပထမပုဂ္ဂလိကဘဏ် ရန်ကုန်စတော့အိတ်ချိန်းတွင် ဇန်န၀ါရီ ၂၀ မှာ ရှယ်ယာအရောင်းအ၀ယ်လုပ်မည်

  • 7 years ago
ရန်ကုန်စတော့အိတ်ချိန်းရဲ့ စတုတ္ထမြောက် ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်မယ့် စာရင်းဝင် အများပိုင်ကုမ္ပဏီလီမိတက် အဖြစ် ပထမပုဂ္ဂလိကဘဏ်လီမိတက်ဟာ အခုနှစ်၊ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ကြမ်းခင်းဈေးဘယ်လောက်လဲဆိုတာတော့ မသိရသေးပေမယ့် လက်ရှိ ဘဏ်ရဲ့ အစုရှယ်ယာတစ်စု ရောင်းဈေးကတော့ ၃၀၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဘဏ်ခွဲပေါင်း ၃၂ ခုရှိနေပြီ ဖြစ်တဲ့ ပထမပုဂ္ဂလိဘဏ် လီမိတက်ကို ၁၉၉၁ ခုနှစ် နှစ်လယ်ပိုင်းမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပထမပုဂ္ဂလိကဘဏ်ရဲ့ ခွင့်ပြုမတည်ငွေရင်းဟာ ၁၀၀ ဘီလီယံကျပ် ဖြစ် ပြီးတော့ ဘဏ်ရဲ့ တရားဝင်ဖော်ပြထားတဲ့ စာရင်းတွေအရ ၂၀၁၆ ခုနှစ် သြဂုတ်လလယ် အထိကို ထည့်ဝင်ပြီး မတည်ငွေ ရင်းဟာ ကျပ်ငွေ ၂၄.၇၂ ဘီလီယံဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရန်ကုန်စတော့ အိတ်ချိန်းမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်-FMI၊ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီလီမိတက်-MTSH နဲ့ မြန်မာနိုင်ငံသားများ ဘဏ် -MCB တို့ဟာ ၂၀၁၆ ခုနှစ်အတွင်း အသီးသီး စာရင်းဝင်ကုမ္ပဏီအဖြစ် ၀င်ရောက်ထားပြီးဖြစ်ပါတယ်

Recommended