ကောင်လေးတစ်ယောက်ကိုတွေ့မှ ရင်ခုန်ခဲ့ရတဲ့ အကြောင်းကို ပုံဖော်သီဆိုထားတဲ့ တေးသံရှင် သျှားမီရဲ့ 'သူနဲ့တွေ့မှ' ဆိုတဲ့ တေးစီးရီးသစ်ကို သြဂုတ်လ ၃၁ ရက်နေ့၊ နေ့လယ်ပိုင်

  • 6 years ago
ကောင်လေးတစ်ယောက်ကိုတွေ့မှ ရင်ခုန်ခဲ့ရတဲ့ အကြောင်းကို ပုံဖော်သီဆိုထားတဲ့ တေးသံရှင် သျှားမီရဲ့ 'သူနဲ့တွေ့မှ' ဆိုတဲ့ တေးစီးရီးသစ်ကို သြဂုတ်လ ၃၁ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

သူနဲ့တွေ့မှ ဆိုတဲ့ တေးစီးရီးကို အချိန် ၂ နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ပြီး သျှားမီရဲ့ ပထမဆုံး တေးစီးရီး လည်း ဖြစ်ပါတယ်။

" စီးရီးခေါင်းစဉ်က သီချင်းလေးအတိုင်းပေါ့။ သျှားမီက သူနဲ့တွေ့မှဆိုတာလေးက အတိုင်အဖောက် ညီတယ်။ အဲဒီသီချင်းခေါင်းစဉ်လေးကိုပဲ စီးရီးခေါင်းစဉ်ပေးဖြစ်တာပါ။ အဲဒါက ကိုသားကြီး ရေးပေးထားတာပါ။ သီချင်းထဲမှာ ကောင်မလေးတစ်ယောက်က သူနဲ့တွေ့မှ သဘောကျမိတဲ့အကြောင်း ပေါ့နော်။ တော်ရုံတန်ရုံ သဘောမကျဘူး။ ဒါပေမယ့် ဒီကောင်လေးနဲ့တွေ့မှ သဘောကျမယ့် ပုံဆိုတာ သျှားမီအနေနဲ့လည်း သဘောကျလို့ ပေးဖြစ်တာပေါ့။" လို့ တေးသံရှင် သျှားမီက ပြောပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဒေါင်းလူ
သတင်းအပြည့်အစုံ -

Recommended