ကမ်းဝေး ငါးဖမ်းလှေများ ရာသီပြန်စ ၊ စောင့်ကြည့်ရေးကိရိယာ (VMS) တပ်ဆင်ရန် အစိုးရမှ ပြန်ဖြေလျှော့ပေး==============မြိတ်ဒေသတွင် သြဂုတ်လ ၁၆ ရက်နေ့မှ စ၍ ပင်လယ်ပြင်သ

  • 6 years ago
ကမ်းဝေး ငါးဖမ်းလှေများ ရာသီပြန်စ ၊ စောင့်ကြည့်ရေးကိရိယာ (VMS) တပ်ဆင်ရန် အစိုးရမှ ပြန်ဖြေလျှော့ပေး
==============
မြိတ်ဒေသတွင် သြဂုတ်လ ၁၆ ရက်နေ့မှ စ၍ ပင်လယ်ပြင်သို့ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အစီးရေ ၄၀၀ ကျော် ငါးဖမ်းလုပ်ကွက်များသို့ စတင်ထွက်ခွာနေပြီး ဖြစ်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိသည်။

ယခုနှစ် ၂ဝ၁၈- ၂ဝ၁၉ ငါးဖမ်းရာသီ၌ ကမ်းဝေးငါးဖမ်း ရေယာဉ်များတွင် Vessel Monitoring System (VMS) တပ်ဆင်ပြီးမှသာလျှင် ကမ်းဝေးငါးဖမ်းလိုင်စင်ကို ထုတ်ပေးမည်ဟု အစိုးရမှ ညွှန်ကြားချက် ထုတ်ပြန် ထားသော်လည်း ငါးဖမ်းလှေများတွင် တပ်ဆင်နိုင်ရန် အဆင်သင့် မရှိသေး၍ ပြန်ဖြေလျှော့ပေးလိုက်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးထံမှ သိရသည်။

သတင်း/ ရိုက်ကူး- ဒီမိုးသွေး (မြိတ်)

တည်းဖြတ်/ တင်ဆက်- ရဲနိုင်(လောက်ကိုင်)

Recommended