ဝင်းနဲ့ဇော် အတွက် ဆုတောင်းပွဲပြုလုပ်

  • 7 years ago
ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ဇော်လင်းတို့ အမြန်ဆုံး လွတ်မြောက်ဖို့ အတွက် ဒီကနေ့ ထိုင်းသံရုံးရှေ့မှာ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီ့ဆုတောင်းပွဲကို မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ရဟန်းနဲ့ပြည်သူ စုစုပေါင်း ၃၀ကျော် ပါဝင်ဆုတောင်းခဲ့ကြတာပါ။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က သေဒဏ်အပြစ်ပေးခံထားရတာကြောင့် အယူခံတင်ပြခဲ့ပေမယ့် ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်မှာ အယူခံကိုပယ်ချပြီး သေဒဏ်အမိန့် ထပ်မံ အတည်ပြုချမှတ်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended