Queen အတွက် လက်မှတ်ရေးထိုးပွဲ

  • 7 years ago
အဆိုတော် စန္ဒီမြင့်လွင်ရဲ့ Queen ဒီဗီဒီ ဖြန့်ချိတဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၇ ရက်ညနေက Junction Square မှာပြုလုပ်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ စန္ဒီုမြင့်လွင်နဲ့ အတူ အနုပညာမောင်နှမတွေလည်း ပါဝင်ခဲ့ကြပြီး သီချင်းတွေ ဖျော်ဖြေသီဆိုပေးခဲ့ကြပါတယ်။ အဲဒီပွဲမှာ စန္ဒီမြင့်လွင်က ပရဟိတအလှူပြုလုပ်ဖို့အတွက် Queen အမှတ်တံဆိပ် အင်္ကျီတွေကိုလည်း စတင်ရောင်းချပေးခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ မန္တလေးမြို့ Amazing Shopping Mall မှာလည်း အမှတ်တရ လက်မှတ်ရေးထိုးပွဲ နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ် ။
ရုပ်သံသတင်းထောက် - ဇွဲဥာဏ်

Recommended