ဦးကိုနီနဲ့ ကိုနေ၀င်းတို့အတွက် အောက်မေ့ဖွယ် အလှူ

  • 7 years ago
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ကိုနေ၀င်းတို့အတွက် ရည်စူးပြီး အလှူကျွေးမွေးနေတာပါ။ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက် ညနေ ၅ နာရီကျော်လောက်က အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဦးကိုနီနဲ့ ယာဉ်မောင်း ကိုနေ၀င်းတို့ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တာပါ။ဒီနေ့ဆိုရင် အဲဒီအသတ်ခံရမှုဟာ တစ်ပတ်ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာ ဦးကိုနီနေတဲ့ ၄၂ လမ်းထိပ် -မဟာဗန္ဓုလလမ်းမကြီးဘေးမှာ အောက်မေ့ဖွယ် အခမ်းအနား အလှူပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင် ထုံးတမ်းစဉ်လာ အရ တရားတော် နာယူတာတွေနဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ထုံးတမ်းစဉ်လာအရ ဆုတောင်းမေတ္တာ ပို့သတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒီနေ့ အောက်မေ့ဖွယ် အလှူပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို နာယက ဦးတင်ဦး အပါအ၀င် NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါက်တာ ဖြူဖြူသင်း၊ ဦးရန်အောင်တို့လည်း လာရောက်ခဲ့ပါတယ်။ နောက်ပြီး ကိုနေ၀င်းရဲ့ ဆွေမျိုးတွေ လာရောက်တာလည်းတွေ့ရပါတယ်။ အောက်မေ့ဖွယ် အလှူပွဲကို လူပရိတ်သတ်တော်တော်များများတက်ရောက်တာကို တွေ့ရပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Recommended