အချက် ၁၂ ချက်ပါဝင်သော မြန်မာ့စီးပွားရေးမူဝါဒ ထုတ်ပြန်ခြင်း

  • 7 years ago
အခုနှစ်ရဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ အချက်ပေါင်း ၁၂ ချက် ပါဝင်တဲ့ မြန်မာ့စီးပွားရေးမူဝါဒကို အစိုးရက ထုတ်ပြန်ခဲ့ ပါတယ်။ အစိုးသစ်တက်လာပြီးချိန်မှာ နိုင်ငံသားလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို မြန်မာ့စီးပွားရေး ဦးမော့အောင် အစိုးရက ဘယ်လို ကိုင်တွယ်မောင်းနှင်းမလဲ၊ ဘယ်လို မူဝါဒတွေကို ထုတ်ပြန်လိမ့်မလဲဆိုပြီး မျှော်လင့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစီးပွားရေးမူဝါဒထဲမှာ ဘဏ္ဍာရေးအရင်းအမြစ်တွေ တိုးပွားလာဖို့ ဆောင်ရွက် မယ်ဆိုတာတွေ.. အိမ်ထောင်စုတွေနဲ့ တောင်သူလယ်သမားတွေအတွက် ရေရှည်အထောက်အပံ့ဖြစ်စေမယ့် ငွေရေးကြေးရေးစနစ်နဲ့ ဘဏ္ဍာရေးတည် ငြိမ်မှုဖြစ် လာအောင် ဆောင်ရွယ်မယ်ဆိုတဲ့ အချက်တွေအပြင် အခြားကျယ်ပြန့်တဲ့ အချက်အလက်တွေ ပါဝင်လာတယ် ဆိုပေမယ့် အဲဒိစီးပွားရေးမူဝါဒ ထွက် ထွက်လာချင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လေ့လာအချို့ဆီက အားမလိုအားမရဖြစ်တာ တွေ အသေးစိတ် နားလည်လွယ်ကူနိုင်မယ့် အချက်အလက် တွေ မပါဝင်သေးဘူးဆိုပြီး တုန့်ပြန်မှုတွေလည်း ထွက်ပေါ်လာပြန်ပါတယ်။ တစ်ချို့စီးပွားရေးသုံးသပ်သူတွေကြတော့ အဲဒိတုန်းက ထွက်ရှိခဲ့တဲ့ စီးပွားရေးမူဝါဒဟာ အကြမ်းသဘောတရားလောက်မှာပဲ ရှိနေသေးပြီး ဒီအပေါ်မှာ စီစဉ်လုပ်ကိုင်လို့မရနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ အစိုးရအနေနဲ့ ဒီအချက် ၁၂ ချက်ကို ၀န်ကြီးဌာနတွေက သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ထုတ်ပြန်သွားမယ်ဆိုပြီး ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ ဖွံ့ဖြိုးတဲ့ စီးပွားရေးလမ်းကြောင်းပေါ်ကို တွန်းတင်ဖို့ ပြည်သူအားလုံး လက်ခံနားလည်လွယ်မယ့် အချက်အလက်တွေတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

Recommended