သီလ၀ါအထူးစီးပွားရေးဇုန်မှာ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်နေပြီ

  • 7 years ago
သီလဝါအထူးစီးပွားရေးဇုန်ရဲ့ပထမအဆင့်စီမံကိန်းမြေ ဟက်တာပေါင်း(၄၀၀)ထဲက ဟက်တာပေါင်း ၂၃ ဒသမ ၇ ဟက်တာမှာ ဂျပန်ကုမ္ပဏီ ၆ ခုနဲ့ ထိုင်းကုမ္ပဏီ ၁ ခုတို့က တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း မြန်မာသီလဝါအများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဌ ဦးဝင်းအောင်ကပြောပါတယ်။
သီလဝါအထူးစီးပွားရေးဇုန် မှာတော့ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ ၁၀ ရာခိုင်နှုန်း အထိရှိနေပါတယ်။ ထိုင်ဝမ်ကတော့ ၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံကတော့ ၂ ရာခိုင်နှုန်း၊ အမေရိကန်၊ ဆွီဒင်၊ သြစသြေးလျ၊ တရုတ်နဲ့ မြန်မာနိုင်ငံ တွေကတော့ ၁ ရာခိုင်နှုန်းစီရှိတယ်လို့ ဦးဝင်းအောင်ကဆက်ပြောပါတယ်။
ဂျပန်ကကုမ္ပဏီ ၃၂ ခု၊ ထိုင်းနိုင်ငံကုမ္ပဏီ ၇ ခု၊ ဟောင်ကောင်ကုမ္ပဏီ် ၆ ခု၊ မြန်မာနိုင်ငံကုမ္ပဏီ ၅ ခုနဲ့ ထိုင်ဝမ်ကုမ္ပဏီ ၅ ခုကတော့ ၂၃၉ ဒသမ ၅ ဟက်တာ မှာလာရောက်ရင်းနှီးမြှုပ်ချင်နေကြပါတယ်။ တရုတ်၊ ဆွီဒင်၊ USA၊ သြစတြေးလျ၊ ကိုရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်္ကာပူနိုင်ငံ ကုမ္ပဏီ အချို့ကလည်းစိတ်ဝင်စားမှုရှိနေကြောင်း မြန်မာသီလ၀ါအများ ပိုင်ကုမ္ပဏီလီမီတက်ရဲ့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။

Recommended