အားလုံးပါဝင်ရေးမူကို စွန့်လွှတ်လိုက်ပြီဆိုတဲ့ မွန်ပြည်သစ်ပါတီ (ရုပ်/သံ)

  • 7 years ago
အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မရေးထိုးရသေးသော မွန်ပြည်သစ်ပါတီ (NMSP) က အားလုံးပါဝင် လက်မှတ်ထိုးရေးမူကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း NMSP ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်ဝင်းလှက ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။
NMSP သည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်းတရပ် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ က အစိုးရနှင့် NCA ရေးထိုးစဉ်မှာ အားလုံးပါဝင်ရေးမူကို ကိုင်ဆွဲပြီး လက်မှတ်မရေးထိုးခဲ့ဘဲ UNFC အဖွဲ့ဝင်များနှင့် အတူ ရပ်တည်ခဲ့သည်။

Recommended