ကင်မရာ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာတဲ့ Huawei GR5 2017 စမတ်ဖုန်း

  • 8 years ago
Huawei မှ စမတ်ဖုန်းသစ် Huawei GR5 2017 ကို ဒီဇင်ဘာလ ပထမပတ်အတွင်းမှာ မိတ်ဆက်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ Huawei Branded Shop ဆိုင်များနဲ့ အရောင်း ကိုယ်စားလှယ် ဖုန်းဆိုင်များမှာ စတင် ရောင်းချခဲ့ပါတယ်။

Huawei GR5 2017 စမတ်ဖုန်းက အရင် ထုတ်လုပ်ခဲ့တဲ့ GR5 စမတ်ဖုန်းထက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ထောက်ပံ့ပေးထားပြီး ကျောဘက်မှာ အဆင့်မြင့် Dual Camera (ကင်မရာ ၂ လုံး) တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

Huawei GR5 2017 ရဲ့ ဈေးနှုန်းကတော့ ၂၈၉,၀၀၀ ကျပ် ဖြစ်ပြီး အရောင်အနေနဲ့ ရွှေရောင် (Gold)၊ ငွေရောင် (Silver) နဲ့ မီးခိုးရောင် (Grey) တို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Recommended