သဲဖြူကုန်းတောင်ပြိုမှု ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေ (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ သြဂုတ် ၁၂ ၊ ၂၀၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင်ပြိုကျမှုဖြစ်စဉ်ကြောင့် မြေဖုံးအုပ်သွားသော အလောင်းတွေကို ရှာဖွေရာမှာ ယခု သြဂုတ် ၁၂ ရက် ၄ ရက်မြောက်နေ့တွင် သေဆုံးသူ အလောင်း ၅၇ လောင်း ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

တောင်ပြိုမှုဖြစ်ပွားခဲ့သော ဧရိယာအတွင်း အိမ်ထောင်စု၂၇ စု နေထိုင်ကြပြီး လူဦးရေ ၁၆၉ ဦးနေထိုင်ကြကာ ဒဏ်ရာရရှိသူ ၄၇ ဦးကို ဆေးရုံတင်ပို့ထားရသည်။ ဒဏ်ရာမရရှိဘဲ လွတ်မြောက်ခဲ့သူများလည်း ရှိပြီး အချို့မှာ ပျောက်ဆုံးနေဆဲဟု သိရပါတယ်။

ရိုက်ကူး/ တည်းဖြတ်- ဥာဏ်စိုးဝင်း

Recommended