မြင်းကကုန်းအသင်း(ရန်ကုန်) ရဲ့ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ

  • 4 years ago
မြင်းကကုန်းအသင်း(ရန်ကုန်) ရဲ့ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာမှာ ဒီဇင်ဘာလ(၂၂)ရက်နေ့ကသွားရောက်ဆောင်ရွက်ခဲ့ပါတယ်။
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြတ်ဆရာပူဇော်ပွဲကို တက်ရောက်ခဲ့ကျပြီး ကန်တော့ခံဆရာ/ဆရာမ များကိုလည်း လှူဖွယ်ပစည်းများပေးအပ်ခဲ့ပါတယ်..
ကျေးရွာနေလူငယ်များဗဟုသုတရစေရန်အတွက်လက်ရှိ ရှိနေတဲ့ ကျေးရွာစာကြည့်တိုက်ကို အဆင့်မြင့်တင်ရန်နှင့် စာအုပ်များပြည့်စုံအောင် ရရှိဖို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်..
ကျေးရွာဖွံဖြိုးဖို့အတွက်အစိုးရရဲ့အကူအညီတွေနည်းပါးနေပေမယ့်လည်း ဒေသခံပြည်သူများနဲ့ မြင်းကကုန်း အသင်းတို့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျေးရွာဖွံဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ အသင်းဒုတိယဥက္ကဋ္ဌက မြတ်ဆရာပူဇော်ပွဲမှာပြောဆိုပါတယ်…
ရိုက်ကူး/တည်းဖြတ် - ဝင်းလှိုင်

Recommended