သႀကၤန္မတိုင္ခင္ ရန္ကုန္-မႏၲေလး ရထားမ်ား တိုးခ်ဲ႕ေျပးဆြဲမည္

  • 7 years ago
ZawGyi-
သႀကၤန္မတိုင္မီ ခရီးသည္မ်ား တစ္ေနရာမွ တစ္ေနရာ သြားလာရ အဆင္ေျပေစရန္ ရန္ကုန္-မႏၲေလးေျပးဆြဲေနသည့္ ရထားမ်ားကို တိုးခ်ဲ႕ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထား သြားလာပို႔ေဆာင္ေရးဌာနမွ ရန္ကုန္တိုင္းမန္ေနဂ်ာ ဦးေဇာ္လြင္က ေျပာသည္။

သႀကၤန္နားနီးသည့္ကာလတြင္ သြားလာၾကေသာ ခရီးသည္ဦးေရ မ်ားျပားသည့္အတြက္ ပံုမွန္ေျပးဆြဲေနေသာ ရထားမ်ားအျပင္ အထူးရထားမ်ား တိုးခ်ဲ႕ၿပီး ေျပးဆြဲသြားမည္ျဖစ္သည္။

“ပံုမွန္ေျပးဆြဲေနတဲ႔ ရထားေတြအျပင္ ေနာက္ထပ္အထူးရထားေတြကို တိုးခ်ဲ႕ေျပးဆြဲသြားမွာပါ သႀကၤန္ေရာက္ရင္ေတာ့ ရထားေတြကို ေလ်ာ႔ခ်ၿပီးေျပးဆြဲသြားမွာပါ” ဟု ၎ကေၿပာသည္။

လက္ရွိအခ်ိန္တြင္ ရန္ကုန္-မႏၲေလး ခရီးသည္တင္ ရထားစီးေရ ၈ စီး ေျပးဆြဲေနေၾကာင္းသိရကာ အဆိုပါအေရအတြက္ထက္ တိုးခ်ဲ႕ေျပးဆြဲမည္ ျဖစ္သည္။

သႀကၤန္တြင္းကာလတြင္ ရန္ကုန္-မႏၲေလးရထား လမ္းေၾကာင္းမ်ားႏွင့္ ေနျပည္ေတာ္၊ ပုဂံ စသည့္ လမ္းေၾကာင္းမ်ားတြင္လည္း ရထား၂စီး စီ ေလ်ာ့ခ်ေျပးဆြဲသြားမည္ျဖစ္ေသာ္လည္း သၾကၤန္အထူး ရထားမ်ား ေျပးဆြဲသြားမည္ဟု သိရသည္။

Unicode-
သင်္ကြန်မတိုင်မီ ခရီးသည်များ တစ်နေရာမှ တစ်နေရာ သွားလာရ အဆင်ပြေစေရန် ရန်ကုန်-မန္တလေးပြေးဆွဲနေသည့် ရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနမှ ရန်ကုန်တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

သင်္ကြန်နားနီးသည့်ကာလတွင် သွားလာကြသော ခရီးသည်ဦးရေ များပြားသည့်အတွက် ပုံမှန်ပြေးဆွဲနေသော ရထားများအပြင် အထူးရထားများ တိုးချဲ့ပြီး ပြေးဆွဲသွားမည်ဖြစ်သည်။

“ပုံမှန်ပြေးဆွဲနေတဲ့ ရထားတွေအပြင် နောက်ထပ်အထူးရထားတွေကို တိုးချဲ့ပြေးဆွဲသွားမှာပါ သင်္ကြန်ရောက်ရင်တော့ ရထားတွေကို လျော့ချပြီးပြေးဆွဲသွားမှာပါ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေး ခရီးသည်တင် ရထားစီးရေ ၈ စီး ပြေးဆွဲနေကြောင်းသိရကာ အဆိုပါအရေအတွက်ထက် တိုးချဲ့ပြေးဆွဲမည် ဖြစ်သည်။

သင်္ကြန်တွင်းကာလတွင် ရန်ကုန်-မန္တလေးရထား လမ်းကြောင်းများနှင့် နေပြည်တော်၊ ပုဂံ စသည့် လမ်းကြောင်းများတွင်လည်း ရထား၂စီး စီ လျော့ချပြေးဆွဲသွားမည်ဖြစ်သော်လည်း သင်္ကြန်အထူး ရထားများ ပြေးဆွဲသွားမည်ဟု သိရသည်။

Recommended