ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားများ တိုးချဲ့ပြေးဆွဲမည်

  • 7 years ago
ကမ္ဘာလှည့်ခရီးသည်တွေ အထူးစိတ်ဝင်စားနေတဲ့ ရေနွေးငွေ့မီးရထားစက်ခေါင်းတွေကို လေးစင်းအထိ ပြေးဆွဲပေးသွားတော့မှာဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရင်ကပြေးဆွဲခဲ့တဲ့ ရေနွေးငွေ့မီးရထားစက်ခေါင်း ၃၀ ကျော်ရှိပြီး အဲဒီထဲက ကောင်းတဲ့ရထားစက်ခေါင်းတွေကို ရွေးထုတ်ပြီး ပြေးဆွဲသွားမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ပုဂံ-ကျောက်ပန်းတောင်းလမ်းပိုင်းအတွက် သြဂုတ်လကုန်ပိုင်းမှာ ရေနွေးငွေ့စက်ခေါင်းနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
တခြား စက်ခေါင်း ၃ ခု ထပ်မံပြေးဆွဲဖို့ အတွက် ပြေးဆွဲရမယ့် လမ်းပိုင်းကိုတော့ ရွေးချယ်နေဆဲပဲဖြစ်ပါတယ်။

Recommended