Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမား၏တောင်းဆိုချက်များ ပြေလည်မှုရရှိ

  • 5 years ago

Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမား၏တောင်းဆိုချက်များ ပြေလည်မှုရရှိ
*********************
ပုသိမ်မြို့ Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမား၏တောင်းဆိုချက်များသည် စက်တင်ဘာလ ၄ ရက်နေ့တွင် ပြေလည်သွားပြီဖြစ်ကြောင်း သိရှိရသည်။

“မနေ့ ကအထိ တောင်းဆိုချက် ၄၅ချက်မှာ အခွင့်အရေးဆိုင်ရာ ၃၉ချက်က အဆင်ပြေသွားတယ်။ အကျိုး စီးပွားဆိုင်ရာ ၆ချက်ကျန်တယ်။ အလုပ်ရှင်ဘက်က မလိုက်လျောဘူးလေ။ အရမ်းတင်းမာတဲ့ ဒီနေ့ တောင် စက်ရုံပိတ်တဲ့အဆင့်တောင်ဖြစ်တယ်။ ကျွန်မအပါအ၀င် အလုပ်သမားခေါင်းဆောင်တွေရှစ်ယောက်နဲ့  အလုပ်ရှင်နဲ့ အလုပ်ရှင်ဘက်က တာဝန်ရှိတဲ့သူနဲ့  ဌာနဆိုင်ရာတွေ သတင်းမီဒီယာတွေ အားလုံးစုပြီး ညှိနှိုင်း တာ အားလုံးအဆင်ပြေသွားပြီ။ စာချုပ်ဖို့ ပဲကျန်ပါတော့တယ်”ဟု အလုပ်သမားအချင်းချင်း ရိုင်းပင်း ကူညီရေးအဖွဲ့ မှ ဒေါ်ခခကပြောသည်။

Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် စက်တင်ဘာလ ၂ရက်နေ့မှ စတင်ကာ တောင်းဆိုချက် ၄၅ချက်ကို တောင်းဆိုခဲ့ပြီး စက်တင်ဘာလ၃ရက်နေ့တွင် တောင်းဆိုချက်များထဲမှ ၃၉ချက် အဆင်ပြေခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၄ရက် (ယနေ့)တွင် ကျန်ရှိနေသော အချက် ၆ချက် အတွက် ညှိနှိုင်းအဆင်ပြေခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး- စည်သူမောင်မောင်

Recommended